မာယာများတဲ့လောက


အခုခေတ်မှာ
လက်မထပ်တဲ့သူတွေက လက်ထပ်ထားတဲ့အတိုင်းအတူတူနေတယ်.
လက်ထပ်ထားတယ့် သူတွေက လက်မထပ်မထားသလိုပဲ ခွဲနေကြတယ်.
တိရစ္ဆာန်တွေက လူတွေလို အကျီင်္ ဝတ်လာတယ်.လူတွေကတိရစ္ဆာန်တွေလို အသားတွေပေါ်လာကြတယ်.
ကလေးက လူကြီးလို ရင့်ကျက်လာတယ်(၁၈+)
လူကြီးက ကလေးလို ငယ်မူပြန်ချင်ကြတယ်(နွားအို မြက်နုကြိုက်)
မိန်းကလေးက ယောကျာင်္းလေးလို မိုက်ရဲလာကြတယ်.
ယောကျာင်္းလေးက မိန်းကလေးလို ခြောက်လာကြတယ်
ဆင်းရဲသားက ဂုဏ်အတွက်
သူဌေးလို ဟန်ဆောင်လာကြတယ်
သူဌေးသားက အသက်အတွက် ဆင်းရဲသားလို ဟန်ဆောင်လာကြတယ်..
တိတ်တိတ်ပုန်းက မယားကြီးထက် ပိုချစ်ပြလာကြတယ်
မယားကြီးက စွန့် ပစ်ခံရမှာကြောက်လို့ 
အချိန်ပြည့် စိုးထိတ်နေကြရတယ်
သူဌေးတွေက မမြတ်ဘူးလို့ ညဉ်းပြီး တိုက်တွေ တစ်လုံးပြီးတစ်လုံး ဖြစ်လာတယ်..။
လခစားတွေက လာစာထုတ်ရင်ပျော်ပြီး
လုံးပါးပါးလာကြတယ်.
တဖြည်းဖြည်းနားလည်လာတာက
ငွေသုံးထောင်တန် လက်ပတ်နာရီနဲ့ သိန်းသုံးဆယ်တန် လက်ပတ်နာရီရဲ့ အချိန်က အတူတူပါပဲ
ငါးရာတန်ဆေးလိပ်နဲ့ ငါးသိန်းတန်ဆေးလိပ် ကင်ဆာဖြစ်ပုံခြင်းအတူတူပဲ
ပေသုံးဆယ်ပတ်လည်အိမ်နဲ့  သုံးရာပတ်လည်အိမ် အထီးကျန်ရတာခြင်းက အတူတူပဲ
ရိုးရိုးတန်းမှစီးတာနဲ့ BUSSINESS Class မှာစီးတာချင်း accident ဖြစ်ရင် အိမ်မပြန်ရတာခြင်းအတူတူပါပဲ
တစ်နေ့ သင်လည်း နားလည်လာလိမ့်မယ်
ငါတို့ တကယ်လိုချင်နေတဲ့အရာတွေက တကယ်လိုအပ်နေတာလား..။
ဒါမှမဟုတ် ငါတို့  မရှာဖွေမိခဲ့တဲ့ ပျော်ရွှင်မှု့ ကပဲ
တကယ်လိုအပ်ခဲ့တာလား
လိုချင်လျှင်ဆင်းရဲသည်
မလိုချင်လျှင် ချမ်းသာသည်ဆိုတဲ့  စကားလေးအတိုင်း တစ်ခါတစ်လေ ဘဝမှာ ရောင်းရဲတင်းတိမ်မှု့ ဆိုတာ လိုအပ်လာပါလိမ့်မယ်
သင် ဘယ်သူနဲ့ နေရတာပျော်လည်း
ထိုသူဘေးမှာပဲ ထာဝရလက်မလွှတ်ပဲ
ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားပါ
လူ့ အဖြစ်ကရခဲလှပါတယ်
ဘဝခြေလှမ်းတစ်လှမ်းချင်းဆီတိုင်းကို ချစ်တတ် မြတ်နိုးတတ်ပါစေ......။
Credit မာယာများသောလောက
Share this article :

Post a Comment